ဓနုဖြူ သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၄-၂ဝ၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာများ၏ စီမံကိန်းအတိုးရ ငွေ (၅ဝ%)ဖြင့် ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ သဘောသပြုကျေးရွာအုပ်စု၊ အနောက်စုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၂၁.၉၀) ကျပ်သန်းဖြင့်လည်းကောင်း၊ စခမ်းကြီးကျေးရွာအုပ်စု၊ ကြပ်ရိုးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၁၆.၀၀)ကျပ်သန်းဖြင့်လည်းကောင်း၊ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ (၁၆.၉) ကျပ်သန်းဖြင့်လည်းကောင်း၊ စက်တု(ချောင်းကလေး)ကျေးရွာအုပ်စု၊ မဲ့ဘား-ကျုံတုံးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၁၀.၉၀)ကျပ်သန်းဖြင့်လည်းကောင်း ကျေးရွာအတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်းဆောင်ရွက်မှုတို့မှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် အင်းဂလာကျေးရွာအုပ်စု၊ ကြီးတောကြီး-ကျားလေးအိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ (၂၁.၆၀)ကျပ်သန်းဖြင့် ရွာချင်းဆက်အုတ်ဘောင်စီခြင်းနှင့် မြေရောကျောက်စရစ်ခင်းခြင်းအားလည်းကောင်း၊ သပြေရိုးကျေးရွာအုပ်စု၊ သပြေရိုး+သပြေရိုး(အရှေ့)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၁၄.၀၀)ကျပ်သန်းဖြင့် အုတ်ဘောင်စီခြင်းနှင့် မြေရောကျောက်စရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)