ရွှေဘိုမြို့၌ (၂၅)ကြိမ်​မြောက် ​ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်​ကျေးမှု အဆို၊ အက၊ အ​ရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

​ရွှေဘို သြဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့၌ (၂၅)ကြိမ်မြောက် ​ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအစည်းအဝေးကို ယ​နေ့ည​နေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

​ရွှေဘိုခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဩဂုတ်လ(၂၈)ရက်​နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်း/ကာလပေါ်၊ မဟာဂီတ၊ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်မားရေး၊ အကပြိုင်ပွဲတွင် တပင်တိုင်အက၊  အတီးပြိုင်ပွဲတွင် စန္ဒယားပြိုင်ပွဲအမျိုးအစားများဖြင့် အခြေခံ၊ အဆင့်မြင့် ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ကိုယ်စား၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့​ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ဒုခရိုင်အုပ်ချုပ်​ရေးမှူး ဦးညီညီ​အောင်နှင့် ပြိုင်ပွဲကျင်းလုပ်ငန်းကော်တီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်လာကြသူများက ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးအကြံပြုခဲ့ကြပြီး ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌကိုယ်စား၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့(​ခေတ္တ) ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်လင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အေးမြင့်စန်း(ပြန်/ဆက်)