ငပုတော ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်ဌေးနွယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် မြို့ပေါ်ရှိ တိုင်းရင်းဆေးဆိုင်များကို တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအဖွဲ့ဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့ စစ်ဆေးရာတွင် တိုင်းရင်ဆေးဝါးကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက တိုင်းရင်းဆေးဝါး မှတ်ပုံတင်မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)