ခန္တီး သြဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသား/သူလေးများအား မိမိတို့နေထိုင်နေသည့် သဘာဝပတ်ဝန်းကျင်အကြောင်း ပိုမိုသိရှိ နားလည်လာပြီး ချစ်မြတ်နိုးလာတတ်စေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း (ခန္တီး)ရှေ့တွင် ယနေ့ နံနက်(၈) နာရီအချိန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကထုတ်ဝေထားသည့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အိုဇုန်းလွှာ၏ အဓိပ္ပါယ်၊ အိုဇုန်းလွှာနှင့် ရာသီဥတုပြောင်းလဲမှုတို့အကြား ဆက်နွယ်မှုများ၊ အိုဇုန်းလွှာပျက်စီးရခြင်း အကြောင်းအရင်းများ၊ အိုဇုန်းလွှာ ပျက်စီးခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုများ စသည့်အကြောင်းအရာများ ပါဝင်ပြီး ခန္တီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူလေးများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)