မြန်အောင် သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (ဒု)ခေတ်ဟောင်းကာလပေါ်(အဆို)၊ အခြေခံ (၁၅-၂၀) ခေတ်ဟောင်းကာလပေါ် (အဆို)၊ အခြေခံအဆင့် (၁၅-၂၀) အမျိုးသားအက/ အမျိုးသမီးအက/ အိုးစည်အဖွဲ့လိုက် အတီး/ အခြေခံအရေး ၊ အခြေခံအဆင့်(၁၀-၁၅) ကဗျာလွတ်အက၊ အခြေခံ အဆင့်(၁၀-၁၅) အမျိုးသားအက/အမျိုးသမီးအက/ စန္ဒားအတီး/ ပတ္တလားအတီး ပြိုင်ပွဲများတွင် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့ နယ်တို့မှ ဆုရရှိကြသော ပြိုင်ပွဲဝင်များကို ဂုဏ်ပြုဆုများပေးအပ် ခဲ့ကြပြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဒီုင်ချုပ်အဖြစ် ပါဝင်ကူညီ ဆောင်ရွက်ပေးသော ဂီတပညာရှင် အမျိုးသားစာပေဆုရ စာရေးဆရာကြီး ဦးသန်းညွန့်(ဇင်မင်း-သမိန်ထော)နှင့် အကဲဖြတ် အမှတ်ပေးကြသော ဒိုင်အဖွဲ့ဝင်များ၊ အဆို၊ အက၊ အတီးဖြင့် ပံ့ပိုးကူညီဆောင်ရွက် ပေးသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသူများနှင့် ဖျော်ဖြေရေးအဖွဲ့များက ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
မြန်အောင်ခရိုင် (၂၀၂၄) ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီး ဒေါ်နေခြည်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဥ်ယဥ်မာ၊ ဂီတပညာရှင် အမျိုးသားစာပေဆုရ စာရေးဆရာကြီး ဦးသန်းညွန့် (ဇင်မင်း- သမိန်ထော)၊ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်ဇနီး ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်ဇနီး၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်ဇနီး၊ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင်များ၊ ကျောင်းသာ /သူများ၊ ဆရာ/ဆရာမများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)