မင်းဘူး(စကု)မြို့နယ် အ.လ.က ဖလံရုံ ကျောင်း၌ “လူငယ်စကားဝိုင်း’’ ကျင်းပ

မင်းဘူး ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အ.လ.က ဖလံရုံကျောင်း၌ ယမန်နေ့နံနက်က ကျင်းပသည်။

ဦးစွာခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က လူငယ်စကားဝိုင်းကျင်းပပေးရခြင်းရည်ရွယ်ချက်များကို ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများကို ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပသည့်အခါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါချိုချိုဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ ကျောင်းသား၊ ကျောင်းသူ (၅) ဦးက လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)