ကလေးဝမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

ကလေးဝ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းတိုက် ၈ တိုက်၌ ဝါဆိုဝါကပ်တော်မှုကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က သာသနာရေးဆိုင်ရာများလျှောက်ထား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက မြို့ပေါ်ဘုန်းတော်ကြီးကျောင်းတိုက် ၈ တိုက်၌ ဝါဆိုဝါကပ်တော်မှုကြသော ရဟန်၊ သာမဏေ (၆၂) ပါးအား နဝကမ္မနှင့် ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းပြီး ဆရာတော်မှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)