ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန မြေစိုက်ဘုတ်၌ Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးနှိုးဆော်မှု ပိုစတာပြသ

ပေါင်းတည် သြဂုတ်၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်ဘုတ်၌ ယနေ့နံနက်ပိုင်းမှစ၍ Mpox (မျောက်ကျောက်) ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်မှု ပိုစတာပြသထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် အဆိုပါ မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့​ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပြီး ထိုကူးစက်တက်သော ရောဂါအကြောင်းကို မြို့နယ်အတွင်းရှိ ပြည်သူများ ကြိုတင်သိရှိနိုင်စေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံးရှေ့နံရံကပ်ပြဘုတ်တွင် အဆိုပါကျန်းမာရေးအသိပညာပေး နှိုးဆော်ပိုစတာအား ပြသထားလျက်ရှိပြီး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် နံရံကပ်စာစောင်ပြပွဲ၌ ထည့်သွင်းပြသပေးလျက်ရှိကြောင်း သိရသည်။

ထိုနှိုးဆော်ချက်များတွင် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်၊ သံသယဖြစ်ဖွယ်လက္ခဏာများနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို ဖော်ပြထားပြီး ရောဂါဖြစ်ပွားနေသူနှင့် ထိတွေ့ခဲ့ခြင်း သို့မဟုတ် ရောဂါသံသယလက္ခဏာများ ခံစားနေရပါက နီးစပ်ရာဆေးရုံ၌ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း အသိပညာပေးကြေညာထားကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)