တမူး ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဥပဒေများဆိုင်ရာ အခြေခံဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီ ကျောင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တမူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူ၊ အမှတ်(၇)မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးစိုးပိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးစစိုးထွန်းအောင်တို့က ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှုနှင့်ကလေးသူငယ်ဆိုင်ရာ ဥပဒေများနှင့်ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများနှင့်ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များတို့ကို အကျယ်တဝင့် ဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရတနာ