ဇလွန် သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာအလယ်တန်းကျောင်းအဗျင်းတွင် ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမူဝန်ထမ်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာအလယ်တန်းကျောင်းအဗျင်းတွင် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွက်လာစေရေးနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဒေါ်မေဒီလွင်က ကျောင်းသား၊ ကျောင်းသူများ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးက သက်ငယ်မုဒိမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးသန့်ဇင်ဦးက ကျောင်းစျေးတန်းနှင့် ပြင်ပဈေးဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စားသုံးရန်မသင့်သော အစားအစာများကို စားသုံးခြင်းဖြင့် ရရှိလာမည့်ဆိုးကျိုးများအကြောင်းကို အသီးသီးအသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)