ထန်းတပင်(ပဲခူး) သြဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဒေသခံမိဘပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများအား စာအုပ်စာပေများ လက်လှမ်းမီစွာ ငှားရမ်းဖတ်ရှုနိုင်စေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် ရည်ရွယ်၍ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနရုံးများသို့သွားရောက်ငှားရမ်းပေးခဲ့ပြီး ပြည်သူများအား အသင်းဝင်အသစ်များလက်ခံခြင်းနှင့် စာငှားကတ်များ ပြုလုပ်ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့သွားရောက်ပြီး စာအုပ်စာစောင်များလဲလှယ်၍ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)