ပွင့်ဖြူ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက် ဘဝမဏ္ဍိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနီးရှိ ရေဆိုးထုတ်မြောင်းပေါ်တွင် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က သက်တမ်းရင့်ကုက္ကိုပင်လဲကျမှုဖြစ်ပွားကြောင်းသိရ၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ အန္တရာယ်ကင်းဝေးစေရန် သွားရောက်ခုတ်ထွင် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဆိုးထုတ်မြောင်းပေါ်လဲကျသည့် ကုက္ကိုပင်မှာ လုံးပတ် ၃ ပေခန့်၊ အမြင့် ၁၅၀ ခန့်ရှိပြီး နှစ်ကာလကြာမြင့်၍ မြေသားခိုင်မာမှုမရှိခြင်းကြောင့် ပင်စည်ခြေရင်းမှ လဲကျခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ အန္တရာယ်ကင်းဝေးစေရန်အတွက် ချက်ချင်းသွားရောက်ပြီး စနစ်တကျခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်းသစ်ပင်လဲကျမှုကြောင့် အခြားလူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )