ရွှေဘိုမြို့၌ ဥပ​ဒေအသိပညာ​ပြန့်ပွား​ရေး သင်တန်းအမှတ်စဥ်(၁/၂၀၂၄)ဖွင့်လှစ်သင်ကြား

​ရွှေဘို ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့ အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း ရွှေရတုခန်းမ၌ ဥပ​ဒေအသိပညာပြန့်ပွား​ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို ယ​နေ့နံနက် ၉ နာရီချိန်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အမှတ်(၁၁၆)ယာဥ်ထိန်းရဲတပ်ဖွဲ့စု(​ရွှေဘို)မှ ဒုရဲမှူးကျော်​ဇေယျက ယာဥ်အန္တရာယ်ကင်းရှင်း​ရေးနှင့်  မော်​တော်ယာဥ်စီမံခန့်ခွဲမှု ဥပ​ဒေ၊ ခရိုင်တရားရုံး ဦးစီးအရာရှိ ဦးစိုးမင်းထွန်းက တရားစီရင်​ရေးဥပ​ဒေ၊ မြို့နယ်ဥပ​ဒေအရာရှိ ဦး​နေမျိုးထွန်းက က​လေးသူငယ်အခွင့်အ​ရေးဆိုင်ရာဥပ​ဒေ၊ ဒုခရိုင်ဥပ​ဒေအရာရှိ ဦး​ကျော်သူရထက်က မူးယစ်ဆေးဝါးနှင့်စိတ်ကို​ပြောင်းလဲ​စေ​သော​ ဆေးဝါးများဆိုင်ရာ ဥပ​ဒေ၊ ဒုမြို့နယ်ဥပ​ဒေအရာရှိ ဦးနန္ဒခိုင်က လူကုန်ကူးမှုတားဆီးကာကွယ်​ရေးဥပ​ဒေ၊ ဒုမြို့နယ်ဥပ​ဒေအရာရှိ ​ဒေါ်မြသီတာ​ကျော်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နှင့် အကြမ်းဖက်မှုတိုက်ဖျက်​ရေးဥပ​ဒေ၊ ခရိုင်ဥပ​ဒေအရာရှိ ဦးဗိုလ်ဗိုလ်နိုင်က ပြည်သူ့စစ်မှုထမ်းဥပ​ဒေစသည့်​ ခေါင်းစဥ်များဖြင့် အကျယ်တစ်ဝင့်​ ဆွေး​နွေး​ခဲ့ရာ ​ကျောင်းသား/သူ​လေးများက သိရှိလိုသည်များကို ပြန်လည်​ဆွေး​နွေး​မေးမြန်းခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်ပညာ​ရေးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြ​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)