ရေကြည် ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မြို့မဈေးအတွင်းရှိ ဆေးဆိုင်များတွင် သောက်သုံးရန်မသင့်သည့်ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိနှင့် ကုန်ညွှန်းအမှတ်အသားများ ပါရှိခြင်းရှိ၊ မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမားရေး ဦးစီးဌာနနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ ပူးပေါင်းကာ အသုတ်မြို့မဈေးအတွင်း ဆေးဆိုင်များကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးဆိုင်များသို့ စစ်ဆေးရာတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ၊ မရှိ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် အများပြည်သူစာသုံးရန် မသင့်သောဆေးများကို ဒေသခံပြည်သူများ ဝယ်ယူစားသုံးခြင်း၊ ရောင်းချဖြန့်ဖြူးခြင်းများမရှိစေရန် လိုက်လံစစ်ဆေးခဲ့ပြီး သက်တမ်းလွန်ဆေးဝါးများအား သိမ်းဆည်း၍ ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံဝန်းတွင် မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)