ကန်ကြီးထောင့် ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဩဂုတ်လ ၂၁ ရက်နေ့ နံနက်တွင်စတင် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ပင်စင်လစာငွေများကို ယခုလ (၂၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားစုစုပေါင်း (၁၀၀၉)ဦး ရှိရာ ဩဂုတ်လ (၂၂) နေ့အထိ စုစုပေါင်း (၄၅၂) ဦးတို့အား ပင်စင်လစာများထုတ်ပေးပြီးကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ဆက်လက်ပြီး ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့များမှလည်း ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆေးဝါးများထောက်ပံ့ပေးခြင်း၊ ဆေးဝါးကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)