တောင်ငူမြို့၊ အ.ထ.က (၁) ကျောင်း၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

တောင်ငူ သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ Grade-10 မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး နော်ဖောဇာအေးက အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်မိဘတစ်ဦးမှ အမှာစကားပြောကြားပြီး မိဘဆရာအသင်း အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး နော်ဖောဇာအေးနှင့် ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် Grade-5၊ Grade- 9 တွင် (A) အဆင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)