ပိုင်ကျုံမြို့ အ.မ.က နို့ထို့ခေးကျောင်း၌  မူးယစ်ဆေးဝါးအန္တရာယ်  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ  ဩဂုတ်  ၂၂

လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့် ဉာဏစွမ်းရည်မြှင့်မား‌စေရေးအတွက် ယ‌နေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အမှတ်(၁)ရပ်ကွက်ရှိ အ.မ.ကနို့ထို့ခေးကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ‌ ဟောပြောပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုက ကျောင်းသားလူငယ်များ သိသင့်သိထိုက်သော မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ပတ်သက်သည့် မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ စိတ်ကိုပြောင်းလဲ‌စေသောဆေးများ၏အဓိပ္ပာယ်၊ စွဲလမ်းစေတတ်သောဆေးဝါးများနှင့် အရက်သောက်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများစသောအချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ပြသထားသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသားလူငယ်များတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုဟောပြောပွဲများကို ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း‌၍ ကျောင်းဖွင့်သည့်ကာလအတွင်း အခြေခံပညာကျောင်းများသို့ လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)