ကြံခင်းမြို့နယ် (အ.ထ.က)ချင်းမြောင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကြံခင်း ဩဂုတ် ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးက လူငယ်နှင့် အားကစားဆိုင်ရာများ၊ လူငယ်နှင့်ခေါင်းဆောင်မှုအား  အသိပညာပေး ပြောကြားပြီးနောက် ၊  (အ.ထ.က)ချင်းမြောင်ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမင်းအား    အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါလူငယ်ရေးရာဟောပြောပွဲသို့ (အ.ထ.က)ချင်းမြောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်း၊  ဆရာ/ဆရာမများနှင့်ကျောင်းသား/သူ(၂၅၀)ဦး တက်ရောက်ကြကြောင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ခေါင်းဆောင်သော အဖွဲ့များက  အကြောလျှော့လေ့ကျင့်ခန်းနှင့် Fitness Danceအက ဖြင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)