လိပ်သိုဒေသထွက် ကွမ်းသီးအနုများ ဈေးကောင်းရရှိနေ၍ ဆွတ်ခူးရောင်းဝယ်

လိပ်သို ဩဂုတ် ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကွမ်းသီးစိုက်ပျိုး ထွက်ရှိသော ကျေးရွာများတွင် ကွမ်းသီးအနုများကို ဆက်လက်ဆွတ်ခူးရောင်းဝယ်လျက်ရှိကြကြောင်း သိရသည်။

ကွမ်းသီးအနုများကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ ဝယ်လက်များက ကျေးရွာအရောက် အဝယ်ဒိုင်ဖွင့်ပြီး ဈေးကောင်းပေးကာ လာရောက်ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။

ကွမ်းသီးအနုများကို ဝယ်ယူရာတွင် အလေးချိန် ၂၀ ဂရမ်မှ ၃၂ ဂရမ်အကြားရှိ အညှာမပြုတ် ဖင်ချွန်သီးများကိုသာ ရွေးချယ်ဝယ်ယူကြပြီး ရင့်သောအသီးများ၊ အဝါရောင်သမ်းသောအသီးများ၊ လုံးဝန်းသောအသီးများကို ဝယ်ယူမှုမရှိကြောင်း ၊ သေးငယ်သော အသီးများကို တစ်ပိဿာလျှင် ကျပ် (၁၀၀ဝိ/-) ရရှိကြောင်းနှင့် အရွယ်အစားမီ အသီးများမှာ (၁၀၀၀ဝိ/-)ကျပ် ဈေးရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ်(လိပ်သို)