ကျောက်ကြီး သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဆွမ်းစားဆောင်ခန်းမတွင် ဆွမ်းဆန်အိတ်(၁၀၀)လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကုန်းကျောင်းပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များနှင့် စာသင်သားသံဃာအပါး(၈၀)ကျော်အား ဝါတွင်းကာလဆွမ်းဆန်အဆင်ပြေစေရန် ရည်ရွယ်ပြီး အမှတ်(၅၅) ခြေလျင်တပ်မဌာနချုပ် တပ်မှူး ဗိုလ်မှူးကြီး အောင်စိုးမင်းနှင့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်မိသားစုများမှ ပေးပို့လှူဒါန်းသည့် ဆွမ်းဆန်အိတ်(၁၀၀)အား ကုန်းကျောင်းပရိယတ္တိစာသင်တိုက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဥူးစန္ဒိမာထံတွင် ရေစက်သွန်းချဆပ်ကပ်လှူဒါန်းမှုပြုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)