ဒိုက်ဦး သြဂုတ် ၂၂
နိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့် နေရက်နေ့တိုင်းကျန်းမာရေးစောင့်ရှောက်မှုအား မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်မိုးမိုးအေးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဖြစ်ပွားနေသည့် ရောဂါများအလိုက်စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေးခဲ့သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ လာရောက်အားပေးကူညီခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)