ကရသူရိ သြဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး ကျောင်းသား/သူများအား အသိပညာပေးနံရံကပ်ဘုတ်များပြသခြင်းကို ယမန်နေ့နေ့လယ် ၃နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးဦးရာသီတွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပလတ်စတစ်ညစ်ညမ်းမှု၏ဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရေးပြသခြင်းဖြစ်ရာ အဆိုပါပြဘုတ်၌ မိုးကြိုးအန္တရာယ်၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အတွင်းရှိနေလျှင် လုပ်ဆောင်ရမည့်အချက်များ၊ ရေဘေး၊ လေဘေးနှင့် မုန်တိုင်းအန္တရာယ်ကာကွယ်ရေးအချက်များ၊ ပလတ်စတစ်ညစ်ညမ်းမှုကိုတိုက်ဖျက်ခြင်း၊ ပလတ်စတစ်စတင်ပေါ်ပေါက်လာပုံ၊ ပလတ်စတစ်အသုံးပြုမှု၊ အကျိုးသက်ရောက်မှုများ၊ ဆိုးကျိုးများနှင့် လိုက်နာဆောင်ရွက်ချက်များစသည့်တို့ကို ပညာပေးပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)