ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အိုးဘိုယာပြင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်

ရေနံချောင်း ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အိုးဘိုယာပြင်-လွတ်လပ်ရေးကျောက်တိုင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အိုးဘိုယာပြင်-လွတ်လပ်ရေးကျောက်တိုင်လမ်းအထိ အရှည် ၃၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် လမ်းအသုံးပြုသူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မြို့နယ်ပြန်/ဆက်