လှိုင်းဘွဲမြို့နယ်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ

လှိုင်းဘွဲ သြဂုတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးအတွက်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ်သဘင်အစည်းအရုံးယာယီဥက္ကဋ္ဌနှင့် အကဲဖြတ်ဒိုင်ချုပ်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအကြောင်းကို အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သဘင်အစည်းအရုံးနှင့် အဆို၊ အကဝါသနာရှင်များက ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား ကပြသီဆိုဖျော်ဖြေပေးခဲ့ကြသည်။ ထို့နောက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၀)နှစ်မှ(၁၅)နှစ်အထိ အဆိုပြိုင်ပွဲဝင်ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၇)ဦးတို့က ကိုယ့်ရပ်ဌာနေ၊ အဆင်းလှတဲ့ပင်းတယ၊ မြန်မာ့ဂီတလှပဝေဆာတေးသီချင်းများကိုလည်းကောင်း၊ အသက်(၁၅)နှစ်မှ(၂၀)နှစ်အထိ အဆိုပြိုင်ပွဲဝင်ကျောင်းသား (၃)ဦး၊ ကျောင်းသူ(၅)ဦးတို့က အခြေခံပညာအဆင့်(အမျိုးသား)မှ အောင်မြင်ခြင်းအတူတူ သီချင်း၊ အခြေခံပညာအဆင့်(အမျိုးသမီး)မှ ချစ်စရာ့ရွှေတမာသီချင်းစသည့် ခေတ်ဟောင်းကာလပေါ်တေးသီချင်းတို့ဖြင့်လည်းကောင်း၊ အသက်(၁၀)နှစ်မှ(၁၅)နှစ်အထိ အကပြိုင်ပွဲဝင်ကျောင်းသား(၄)ဦး၊ ကျောင်းသူ(၄)ဦး အသက(၁၅)နှစ်မှအသက်(၂၀)နှစ်အထိ အကပြိုင်ပွဲဝင် ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၁)ဦး စုစုပေါင်းကျောင်းသား(၁၄)ဦး၊ ကျောင်းသူ (၁၇)ဦးတို့က သြဂုတ်လ(၂၁)ရက်နေ့မှ(၂၂)ရက်နေ့အထိ အဆို၊ အကပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)