ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ပြည်-ရန်ကုန်အမှတ်(၇၂)အစုန်အမြန်ရထားလက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချပေးလျက်ရှိ

ပြည် ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်ဘူတာကြီး၌ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ပြည်-ရန်ကုန်ပြေးဆွဲလျက်ရှိသော အမှတ်(၇၂) အစုန်အမြန်ရထားလက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ယနေ့တွင် ပြည်ဘူတာ၌ လာမည့်ဩဂုတ် ၂၄ ရက်နေ့အတွက် အထက်တန်း(၃ရက်ကြို) လက်မှတ်စောင်ရေ ၉၀၊ ၂၃ ရက်နေ့အတွက် (၂ရက်ကြို)လက်မှတ်စောင်ရေ ၄၂ စောင်နှင့် ၂၁ ရက်နေ့အတွက် အထက်တန်း(၁ရက်ကြို) လက်မှတ် ၂၅ စောင်တို့ကို ခရီးသွားပြည်သူများအား ရောင်းချပေးလျက်ရှိပြီး  ရိုးရိုးတန်းလက်မှတ်များကို ဩဂုတ်လ ၂၂ရက်နေ့အတွက် (၁ရက်ကြို)လက်မှတ်စောင်ရေ ၂၀၀နှင့် ၂၁ ရက်နေ့အတွက် နေ့ချင်းလက်ကျန်ရိုးရိုးတန်းလက်မှတ်စောင်ရေ ၁၅၈ စောင်အား တန်းစီစနစ်ဖြင့် စာရင်းကောက်ယူ၍ စိစစ်ရောင်းချပေးနေကြောင်းနှင့် လက်မှတ်ခဈေးနှုန်းမှာ ရန်ကုန်သို့ အထက်တန်း ၁၀၀၀၀ကျပ်နှင့် ရိုးရိုးတန်း ၅၀၀၀ကျပ်ဖြစ်ကြောင်းသိရသည်။

ထိုသို့ ရထားလက်မှတ်များရောင်းချပေးရာတွင် ခရီးသည်တစ်ဦးလျှင် ခရီးသွားမည့်သူကိုယ်တိုင်အပါ အထက်တန်း ၃စောင်၊ ရိုးရိုးတန်း ၅စောင်ရောင်းချပေးခြင်းဖြစ်ပြီး မှတ်ပုံတင်မူရင်းဖြင့်ဝယ်ယူရမည်ဖြစ်ကာ လက်မှတ်များကို နေ့စဥ်နံနက် ၇နာရီမှ ၁၂ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၁နာရီမှ ၃နာရီအထိတစ်ကြိမ်နှင့် နေ့ချင်းလက်ကျန်လက်မှတ်များကျန်ရှိနေသေးပါက ည ၇နာရီတွင်တစ်ကြိမ် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် လက်မှတ်များကို လက်မှတ်ရုံတွင် တိုက်ရိုက်ဝယ်ယူရမည်ဖြစ်ပြီး အဆင်မပြေမှုများရှိပါက ရုံပိုင်ကြီး(အထူးတန်း) ပြည်ဘူတာထံတွင် လာရောက်အကူအညီတောင်းခံနိုင်‌ကြောင်းနှင့် ရထားထွက်ချိန်မှာ နေ့စဥ် ည ၉နာရီတိတိဖြစ်ကြောင်း မြန်မာ့မီးရထား ပြည်ဘူတာမှသိရသည်။

ကိုဆက်(ပြန်/ဆက်)