ကြံခင်း ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်နှင့် ဖြတ်ထိုးဉာဏ် ရင့်သန်စေရန် ရည်ရွယ်ပြီး ယမန်နေ့နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ကျောင်းသား/သူများ ဖြတ်ထိုးဉာဏ်ဖွံ့ဖြိုး ထက်မြက်စေပြီး၊ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြင့်မားစေရန်နှင့် ဗဟုသုတ စုံလင်စွာ ရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြောင်းနှင့် ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပါသည်။
ထိုနောက် ပန်းချီပြိုင်ပွဲကျင်းပရာ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၅)ဦးတို့က စိတ်ကြိုက်ပန်းချီခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြပြီး၊ မူလတန်းပြဆရာမ ဒေါ်ဌေးဌေးဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။
ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်မျိုးစုံပြသထားခြင်းကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)