ပြည်မြို့ (​ရွှေတံခါး) အခြေခံပညာအထက်တန်းကျောင်းသို့ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်

ပြည် သြဂုတ်၂၂

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ (ရွှေတံခါး) အခြေခံပညာအထက်တန်းကျောင်းသို့ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။

ရှေးဦးစွာ(ရွှေတံခါး)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက "ပညာဘဏ်တိုက်စာကြည့်တိုက်သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး (ရွှေတံခါး) အ.ထ.ကမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်​မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ဆွေဦးက ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းတာဝန်များအကြောင်း ဆွေနွေးဟောပြောသည်။

ထို့နောက် ပြည်ခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက စာဖတ်ရှိန်မြင့်တင်ရေးအနေဖြင့် လူငယ်များ"စာဖတ်ကြပါစို့"ခေါင်းစဥ်ဖြင့် ဟောပြောပြီး ပြည်မြို့နယ်စာရေးဆရာအသင်းနာယက စာရေးဆရာမောင်စိမ့်စမ်း(သဲကုန်း)က "သမိုင်းအထင်ကရနှင့် ဒို့ဒေသ" ဒေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတဖြစ်ဖွယ်မူးယစ်ဆေးဝါးနံရံကပ်စာစောင်နှင့် စာဖတ်ရှိိန်​မြှင့်တင်ရေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစုံလင်သော ဗဟုသုတဖြစ်ဖွယ်စာအုပ်များကို လေ့လာဖတ်ရှုစေခဲ့ကြောင်း သိရသည်။

ကိုစိုး