ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ကျောက်ကြီး သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စီမံမှုဖြင့် ပြည်သူ့ဆေးရုံ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက လစဥ် ၂၁ ရက်နေ့တိုင်း နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အနေဖြင့် (အခမဲ့) ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၄)ဦးအား ကျန်းမာရေးစစ်ဆေးမှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး၊ အဆိုပါဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)