မုံရွာ ဩဂုတ် ၂၁
မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့်ဝန်ထမ်းများ၊ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်သော လုပ်ငန်းမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက် ထားခြင်းနှင့်ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)