မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်ကျန်းမာ‌ရေး အသိပညာပေး Talk Show ကျင်းပ

မအူပင် ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ညနေ ၃ နာရီက လူငယ်နှင့်ကျန်းမာရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး Talk Show အား မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အငယ်တန်းစာ‌ရေး ဒေါ်ဆန်းဆုကြည်နှင့် လုပ်သားရုပ်သံ ဒေါ်မေသူလွင်တို့မှ လူငယ်များ ကျန်းမာစေရန်အချက်များ၊ အာဟာရပြည့်ဝစေရန်အချက်များ၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ရန်အချက်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ရန်အချက်များနှင့် ကျန်းမာသော ကိုယ်အလေးချိန်အား ထိန်းသိမ်းရန် အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show များသာမက အသိပညာပေး ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများ၊ စာအုပ်ပြပွဲများ၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲများအား စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                                                                                                     အောင်မြင့်မြတ်(ပြန်/ဆက်)