ရေဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေး

ရေဖြူ ဩဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်း​များအား ပင်စာလစာများ လစဉ်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၉)နာရီက ရေဖြူမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ရေဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများ (၄၈၅)ဦးရှိရာ ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့တွင် စတင်ထုတ်ပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် သူနာပြုဆရာမများက ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါများ စစ်ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုအားလုံးအတွက် ဆေးဝါးနှင့်သွေးဖောက်စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့်ဝန်ထမ်းများကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်း မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူများအား အခမဲ့စစ်ဆေးကုသမှု​​ပေးလျက်ရှိကြောင်း သိရသည်။

ခတ္တာ