တောင်တွင်းကြီးမြို့နယ်၌ ဒေသခံပြည်သူများအား စားသုံးဆီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

တောင်တွင်းကြီး သြဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများအား စားသုံးဆီများစျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက် () နာရီအချိန်က မြို့မစျေးအပြင်ဘက်ရှိ စိန်ရတနာဆီဆိုင်()ဆိုင်နှင့် ဦးလှသော်ဆီဆိုင်များ၌ ရောင်းချပေးလျက်ရှိသည်။

အဆိုပါ စားသုံးဆီများကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် တောင်တွင်းကြီးမြို့နယ်ရှိ ရပ်ကွက်(၁၀)နှင့် ကျေးရွာများတွင် အလှည့်ကျ စားသုံးဆီဝယ်ယူခွင့်ကဒ်များထုတ်ပေး၍ ဒေသခံပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆီတစ်ပိဿာနှုန်းဖြင့် ကာလပေါက်စျေးထက် စျေးနှုန်းလျော့ချကာ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၆၀၀ကျပ် ဖြင့် ရောင်းချပေးခဲ့လျက်ရှိကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)