အောင်လံမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

အောင်လံ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့ အ-ထ-က (၁) ရွှေရတုခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စီးပွားရှင်များနှင့် ပြည်သူများက တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင် (ခရိုင်အုပ်ချုပ်ရေးမှူး) ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အုန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညီညီထွန်းက အဂတိလိုက်စားမှု အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် အဂတိလိုက်စားမှုဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်တို့အား ရှင်းလင်းဆွေးနွေး ခဲ့သည်။

ထို့နောက် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းဦးက အဂတိလိုက်စားမှုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများ ဆက်စပ်ပတ်သက်ဆောင်ရွက်ချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးဆန်းဝင်းက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ပြဌာန်းထားသည့် ပုဒ်မများအား ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့သည်။

ဆက်လက်၍ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်စာရင်းစစ်ရုံးမှ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြဝေက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူး ဦးသိန်းဦးက အခွန်ရှောင်ရှားခြင်း/ တိမ်းရှောင်ခြင်းတို့သည် အဂတိလိုက်စားမှုဖြစ်ကြောင်း အကျယ်တဝံ့ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖေက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)