အင်္ဂပူ ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပါတ်များ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရည်က ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်များ လှုပ်ရှားမှုအကြောင့်နှင့် ဝမ်းပျက်၊ဝမ်းလျှောရောဂါအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းတို့အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးက ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး၊ သန့်ရှင်းသောအစားအစာများ စားသုံးရေး အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရည်နှင့်တာဝန်ရှိသူများမှ ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆားများပေးအပ်ခြင်းနှင့် ကလေးငယ်များအား ဗီတာမင်အေဆေးများ တိုက်ကျွေးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရည်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)