ကြံခင်း ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားပင်စင်လစာ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် ပင်စင်စားများ စနစ်တကျ ထုတ်ယူနိုင်ရေးနှင့် ပင်စင်လစာထုတ်ယူရန် ကိုယ်တိုင်မလာရောက်နိုင်သူ အငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ ထုတ်ယူရန် ကျန်ရှိသူများအား ပင်စင်လစာထုတ်ပေးခြင်းများကို စီစဉ်ဆောင်ရွက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အငြိမ်းစားပင်စင်လစာ ထုတ်ယူသူ ဦးရေ (၁၁၃၈)ဦးရှိပြီး၊ မြို့ပြ ပင်စင်စား(၇၆၈)ဦး၊ ကာကွယ်ရေးပင်စင်စား(၂၈၃)ဦး၊ နိုင်ငံရေးပင်စင်စား(၇၇)၊ ဘဏ်ပင်စင်စား (၁၀)ဦးရှိကြောင်းနှင့် ဩဂုတ်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ၊ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက်(၆)နာရီမှ နေ့လယ်(၁၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)