ကြံခင်း ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၉) တိုင်းနယ်မြေအတွင်း ကြံခင်း- ဟင်္သာတ- ပုသိမ်လမ်းပိုင်း၌ (၁၈၂)အစုန်နှင့် (၁၈၁)အဆန်အမြန်ရထားကို ယနေ့နံနက်ပိုင်းက ပုံမှန်ပြန်လည်ပြေးဆွဲကြောင်း သိရသည်။
အဆိုပါ အမြန်ရထားပြေးဆွဲခြင်းကို ဇူလိုင်လ(၂၇)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ဟင်္သာတ-ပုသိမ် ရထားလမ်းပိုင်းရေကျော်ခြင်းကြောင့် ပြေးဆွဲမှုယာယီ ရပ်နားထားရာမှ ရေကျသဖြင့် ရထားလမ်းပိုင်များ ပြုပြင်ကာ အမှတ်(၉) မန်နေဂျာ (သွားလာရေး/တိုင်း) ညွှန်ကြားချက်နှင့်အညီ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် ဩဂုတ်လ(၂၁)ရက်နေ့တွင် ရိုးရိုးလူစီးတွဲကြီး(၃)တွဲ၊ အထက်တန်းတွဲ(၁)တွဲ၊ ကုန်တွဲ(၁)တွဲနှင့် ဘရိတ်တစ်တွဲချိတ်ဆွဲကာ ပုံမှန်ပြန်လည်ပြေးဆွဲကြောင်း သိရသည်။
အဆိုပါ အမြန်ရထားပုံမှန်ပြေးဆွဲရာတွင် (၁၈၂)အစုန်အမြန်ရထားသည် ကြံခင်းမြို့မှ နံနက်(၅) နာရီအချိန်တွင် စတင်ထွက်ရှိရာ ဟင်္သာတမြို့သို့ နံနက်(၉)အချိန်တွင် ရောက်ရှိပြီး၊ ပုသိမ်မြို့သို့ ညနေ(၁၅:၃၀)အချိန်တွင် ရောက်ရှိမှာဖြစ်ကြောင်းနှင့် (၁၈၁)အဆန် အမြန်ရထားသည် ပုသိမ်မြို့မှ နံနက်(၆)နာရီအချိန် ထွက်ရှိပြီး ကြံခင်းမြို့သို့ ညနေ(၁၆:၃၀)အချိန်တွင် ရောက်ရှိမှာဖြစ်ကြောင်း ကြံခင်းမြို့နယ် မီးရထားရုံပိုင်ကြီးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)