တမူးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ကာယပြိုင်ပွဲများကျင်းပ

တမူး ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများအား ပျော်ရွှင်ဖွယ်ရာ ကာယပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပရာတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းနှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲများအဖြစ် ဘောလုံးပေါက်၊ ပူစီပေါင်းမှုတ်၊ ထိုင်ခုံလု၊ ကွင်းပစ် ပြိုင်ပွဲများနှင့် ပုံပြင်ပြောခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူ များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ 

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမနှင့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတို့တွင် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် နေ့ထူးထူးနေ့မြတ်များကို အစဉ်သတိရစေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကို လစဉ် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရတနာ