မိုးညို ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက စပါယ်မျှောင်ကျေးရွာအုပ်စုရှိ အ.ထ.က(ခွဲ)စပါယ်မျှောင်၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးမင်းဇော်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန္ဒာလင်းက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကိုစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန္ဒာလင်းနှင့် ကျောင်းအုပ်ဆရာကြီးဦးမင်းဇော်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး အ.ထ.က(ခွဲ)စပါယ်မျှောင်ကျောင်း Grade - 10 မှ မသူဇာဖြိုးက လူငယ်နှင့်ပညာရေး၊ မမြတ်သီရိမွန်က လူငယ်နှင့်စာပေ၊ မသဇင်မိုးက လူငယ်နှင့်မူးယစ်ဆေး၊ မောင်ချစ်ပိုက လူငယ်နှင့်ယဉ်ကျေးမှု၊ မောင်မိုဃ်းဆက်က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ဦးဆောင်သူများနှင့်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်စန္ဒာလင်းနှင့် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများက ဂုဏ်ပြုမှတ်တမ်းတင်လက်မှတ်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)