ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ပြည်မြို့ ​ မသန်စွမ်းဖွံ့ဖြိုးရေးလေ့ကျင့်ရေး Day Care Centre ရှိ ဉာဏ်ရည်မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်

ပြည် ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်နှင့် ဥက္ကဋ္ဌဒေါ်နန်းမြင့်သီတာတို့သည် အဖွဲ့ဝင်များနှင့်အတူယမန်နေ့နံနက်ပိုင်းက ပြည်မြို့​ရှိ မသန်စွမ်းဖွံ့ဖြိုးရေးလေ့ကျင့်ရေး Day Care Centre သို့သွားရောက်၍ ဉာဏ်ရည်မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်စိုးစိုးသက်၊ ဥက္ကဋ္ဌဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့ဝင်များက ယင်း Centre ၏ မသန်စွမ်းဖွံ့ဖြိုးရေးလေ့ကျင့်ရေးဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုပြီး ပြည်ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ အဆိုပါ Centre ရှိ ဉာဏ်ရည်မသန်စွမ်းသူ ၁၄ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၂၀၀၀၀ ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)