ရေကြည် ဩဂုတ် ၂၁
ရေကြည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရေကြည်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေးက အားကစားကို စိတ်ပါဝင်စားစွာဖြင့် အရှိန်အဟုန်မြှင့်ပါဝင်လာပြီး ထူးချွန်ထက်မြက်သော မြို့နယ်/ခရိုင်/ တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားအဖြစ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအထိ မွေးထုတ်ပေးနိုင်စေရန်အတွက် အားကစားလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲသည် မြို့နယ်ကိုယ်စားပြုအရည်အချင်းရှိသည့် အားကစားသမားများ စိစစ်မွေးထုတ် ပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သလို အခြေခံပညာကျောင်းအသီးသီးမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာပြီးအားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိလာစေရန်ရည်ရွယ်၍ ကျင်းပ ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက်ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ အမှတ်(၁)/(၂)အခြေခံပညာအထက်တန်း ကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)