စစ်ကိုင်း သြဂုတ် ၂၁
စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် အခြေခံစက်ချုပ်နည်း(မွမ်းမံ)သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်၊၊
အခမ်းအနားတွင် စစ်ကိုင်းခရိုင် ကျေးလက်လမ်းဦးစီးဌာနခရိုင် ဦးစီးမှူးဦးတင့်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာန ဦးစီးမှူး ဦးဝေလျှံစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားရာတွင် သင်တန်းတက်ရောက်သည့် သင်တန်းသူများထဲမှ အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူ ငါးဦးကိုရွေးချယ်ပြီး နိုင်ငံတော်မှငွေကျပ်(၁၄) သိန်းနှင့် ညီမျှသော လုပ်ငန်းသုံးပစ္စည်းများပေးအပ်သွားမှာဖြစ်သည့်အတွက် ကြိုးစားသွားစေလိုကြောင်း ပြောကြားခဲ့သည်၊၊
အဆိုပါသင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား(၁၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၅)ရက် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇော်မြင့်နိုင်