ရွှေတောင် သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.မ.က(ကူကြီး)ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ နွားနို့တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက ကျောင်းသား/ကျောင်းသူများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ(၁၃၈) ဦးအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးခဲ့ပြီး တစ်လလျှင် ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း(၁၀) ကျောင်းကို နို့ပိဿာချိန် (၁၅၀) ချိန်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)