သရက်ချောင်း ဩဂုတ်၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများ ယနေ့နံနက်၈နာရီခွဲအချိန်မှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်ကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်း၏မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ သရက်ချောင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လစာငွေများ ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားလူဦးရေ (၆၈၁)ဦးရှိကြောင်း၊ ပင်စင်လစာငွေများ လာရောက်ထုတ်ယူသူများအား မြန်မာ့စီးပွားဘဏ်မှ ဝန်ထမ်းများက အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်စန်းစန်းသက်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)