မိုဝိုင်းလွတ် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့ ရွာမကွင်းရှိ တောင်သူ ဦးကမ်းလက်၏ နေပြည်တော်-၂ စိုက်ခင်းတွင် ယမန်နေ့ နံနက်ပိုင်းက မြို့အဆင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့ သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့စိုက်ပျိုးရေး ဦးစီးဌာနတို့မှမြို့ဦးစီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တောင်သူများ (၂၅) ဦး တက်ရောက်ခဲ့သည်၊၊
အဆိုပါ စံကွက်ရိတ်သိမ်းပွဲတွင် တောင်သူဦးကမ်းလက်၏ လယ်၌ အစိုထွတ် တင်း (၇၀) ဖြစ်ပြီး မြို့နယ်အထွတ် တင်း၅၀ကျော်၊ CERP စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်သော ဆင်းဧကရီ-၃ မျိုးစေ့ထုတ်ကွက် ၄ဧကမှာအထွတ်နှုန်း ၉၄.၇၅တင်း စပါး ထွက်ရှိကြောင်း မြို့စိုက်ပျိုးရေးဉီးစီးဌာနမှ မြို့ဦးစီးမှူးဦးထက်အောင်ကျော်ထံမှ သိရသည်၊၊
စီးရဲ(ပြန်/ဆက်)