မအူပင်မြို့နယ်ပေါ်ရှိ ကုန်မျိုးစုံနှင့် ငါးပိ၊ ပဲပြား၊ ပဲသွေး၊ ငရုတ်သီးမှုန့်များအား ဈေးကွက်နမူနာယူ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

မအူပင် ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကုန်မျိုးစုံနှင့် ငါးပိ၊ ပဲပြား၊ ပဲသွေး၊ ငရုတ်သီးမှုန့်များအား ဈေးကွက်နမူနာယူ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မအူပင်မြို့ပေါ်ရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စာသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိ သူများက စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ကျန်းမာရေး အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် အကျိုးအာနိသင်ကောင်းရရှိနိုင်သော အလှကုန်ပစ္စည်းများအား ပြည်သူများရောင်းဝယ်သုံးစွဲနိုင်စေရေး၊  FDA တွင် မှတ်တမ်းတင်ထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်ရေး၊ တားမြစ်အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးနှင့် သတ်မှတ်ချက်ပြည်စုံစွာ ဖော်ပြပါရှိသည့် ကုန်စည်များကို ရောင်းချခြင်း ရှိ/မရှိ များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး FDA အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက  ပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးထုတ်ပြန်ထားသော တားမြစ်ဓာတုပစ္စည်းများပါဝင်သည့် အလှကုန်ပစ္စည်း (၁၂) မျိုးအား ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိနှင့် မျှင်ငါးပိ၊ ပဲသွေး၊ ပဲပြား၊ ငရုတ်သီးမှုန့်များအား Mobile Laboratory ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။ ၄င်းနောက် အခြားသော ကုန်စည်တစ်ချို့အား ဈေးကွက်နမူနာ ကောက်ယူခြင်းနှင့် သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ တားမြစ်ပစ္စည်းများ ရောင်းချမှု မရှိစေရေးအတွက် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား(အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ တိုင်းဒေသကြီး FDA အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများ၊ Mobile Laboratory စစ်ဆေးရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)