ပေါင်းတည်၌ မိုးစပါးမြေသြဇာ ကြဲပက်ပွဲကျင်းပပြုလုပ်

ပေါင်းတည် သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် (၉) နာရီက  ဘိုးသာအောင် ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၁၂၆ C ရှိ တောင်သူ ဦးကျော်စိုး၏ မိုးစပါး၁၀ဧက စိုက်ခင်းတွင် မြေသြဇာ ကြဲပက်ပွဲ ကျင်းပပြုလုပ်သည်။

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပြုလုပ်သော အဆိုပါ မြေသြဇာကြဲပက်ပွဲသို့ မြို့နယ် စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တက်ရောက်လာသူများအား ထိုစိုက်ပျိုးခင်းသည် အထွက်ကောင်းရက် ၁၂၀ ရတနာတိုးစပါးမျိုးကို Drumseeder အစေ့ချကိရိယာဖြင့် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ ယခုဆိုလျှင် သက်တမ်းရက် ၇၀ ရှိနေပြီဖြစ်ကြောင်းနှင့် ​ယခုမြေသြဇာ ကြဲပက်ရာ၌ ယူရီယားဓာတ်မြေသြဇာ တစ်ဆနှင့် သဘာ၀မြေသြဇာသုံးဆ ရောစပ်၍ အသုံးပြုပါကြောင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် စိုက်ကွင်းအတွင်းဖြစ်ထွန်းအောင် မြင်လျက်ရှိသော အထွက်ကောင်းရတနာ တိုးစပါးစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)