ရွှေတောင်မြို့နယ်တွင် သုံးမြွှာပူးမွေးဖွားသူ မိခင်နှင့်ကလေးငယ်များအား ထောက်ပံ့ငွေ၊ ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများပေးအပ်

ရွှေတောင် သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ ကိုယ်ဝန်ဆောင်မိခင်ဒေါ်သင်းသင်းထိုက်မှ သုံးမြွှာပူးမိန်းကလေး(၃)ဦးအား ကျီးသဲတိုက်နယ်ဆေးရုံတွင် အောင်မြင်စွာခွဲစိတ်မွေးဖွားခဲ့ပြီး မိခင်နှင့်ကလေးငယ်များအား ပြည်မြို့ကုတင်(၅၀၀)ဆေးရုံကြီးသို့ပြောင်းရွှေ့၍ အထူးကြပ်မတ်ကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုကုသလျက်ရှိကြောင်း သိရသည်။

ပြည်မြို့ကုတင်(၅၀၀)ဆေးရုံကြီးတွင်ပြောင်းရွှေ့၍ အထူးကြပ်မတ်ကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုကုသလျက်ရှိသော ရွှေတောင်မြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာကိုယ်ဝန်ဆောင်မိခင် ဒေါ်သင်းသင်းထိုက်မှသုံးမြွှာပူးမိန်းကလေး(၃)ဦး၏ မွေးဖွားနေမှုအခြေအနေများအား ရွှေတောင်မြို့နယ်တွင်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နန်းမြအေးနှင့်အဖွဲ့များက သွားရောက်၍ အားပေးစကားပြောကြားပြီးမိခင်နှင့်ကလေးငယ်များအား ထောက်ပံ့ငွေ၊ ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် /ဆက်)