စလင်း သြဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါင်းနားရပ်ကွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ရုံးဝန်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ စလင်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်များနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ယနေ့နံနက် (၉) နာရီခွဲအချိန်က ပန်းခင်းစီမံချက်အဆင့်(၃) အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် စမတ်ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်းကိုင်ဆောင် နိုင်ရန်နှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာများအတွင်း ကွင်းဆင်း၍လည်းကောင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင်လည်းကောင်း အိမ်ထောင်စုစာရင်းများတွင် မိသားစုဝင်များ၏ လူဦးရေနှင့် အမည်စာရင်းများ မှန်ကန်စွာထည့်သွင်းဖော်ပြနိုင်ရေး မှတ်ပုံတင်ကတ်ပြားများအသစ် လဲလှယ်ပေးခြင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကိုင်ဆောင်နိုင်ရေးအတွက်နှင့် ခရီးသွားလာရာတွင် အလွယ်တကူယူဆောင်သွားလာနိုင်စေရေး စမတ်ကတ်ပြားများကိုနေ့ခြင်း ပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။
(မောင်လွင်)စလင်း