တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်တွင်းကြီး သြဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခေတ်မီစံပြကျေးရွာစီမံကိန်းကျေးရွာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ နေလယ် ()နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခုတ်မွန်းလျန်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာ​ရေးနှစ် ခေတ်မီစံပြကျေးရွာစီမံကိန်း ကျေးရွာအခြေခံအဆောက်အအုံဖွံဖြိုးရေးကဏ္ဍ၊ ခေတ်မီစံပြကျေးရွာစီမံကိန်း သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှု ထောက်ပံ့ကူညီခြင်းကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်စီးပွားရေးမြင့်မားရေးကဏ္ဍ၊ ခေတ်မီစံပြကျေးရွာစီမံကိန်းအသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းကဏ္ဍ၊ ခေတ်မီစံပြကျေးရွာစီမံကိန်း လှုမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၊ ခေတ်မီစံပြကျေးရွာစီမံကိန်း သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးကဏ္ဍ စသည့်တို့ကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်​ရောက်လာသည့် ကဏ္ဍအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများက  လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များကို နွေးဆွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)