ဇလွန် သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အရူပ်ကွင်းကျေးရွာအုပ်စု လင်းရောင်ခြည် စာကြည့်တိုက်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေဗဟုသုတများ ရရှိလာစေရန်၊ စာပေမှ အသိအလိမ္မာ ဗဟုသုတများ ရရှိစေရန်၊ စာဖတ်ရခြင်းကြောင့် အမှားအမှန် ခွဲခြားတတ်လာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများစွာ တိုးပွားလာစေရေးအတွက် ယခုလို ကျေးရွာများအရောက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို စာပေချစ်မြတ်နိုးသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝေယံ(ပြန်/ဆက်)